1 / 20

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj;

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 7 ) ( 17/ 09/ 2011 ). နမော တဿ ဘဂ၀တော အရဟတော သမ္မာသ မ္ဗုဒ္ဓဿ. စိတ်၊ စေတသိက်များအကြောင်း. အလောဘအကြောင်း သိကောင်းစရာ

wells
Télécharger la présentation

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj;

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 7 ) ( 17/ 09/ 2011 ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  2. စိတ်၊ စေတသိက်များအကြောင်း • အလောဘအကြောင်း သိကောင်းစရာ • မလိုချင်မှုသဘောသည် အလောဘတရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း” ဟုဆို သည်။ ဤအလောဘ၏ မလိုချင်မှုသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။ မီးနှင့်ရေပမာ ကမ္ဘာ့ရန်ဘက်ကဲ့ သို့ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွားခြားပုံကို သတိပြုပါ။ • လောဘသမား လောဘသမား လူပုဂ္ဂိုလ်များသည် ပစ္စည်းဥစ္စာကို (တရားသည် မတရားသည် မစိစစ်နိုင်တော့ဘဲ) မရမက ရှာဖွေလေ့ရှိ၏။ ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊ “ရလေလိုလေ အိုတစ္ဆေ” သာဖြစ်၏။ တစ်သက်လုံး အချိန်ရှိသမျှ စု၍ရသောပစ္စည်းများကို “ငါ့ဟာ ငါ့ဟာ” ဟု လွန်စွာစွဲလမ်းစဉ် သေမင်းငင်သောအခါ ပြိတ္တာဘောင်သို့ ထိုဥစ္စာများကပင် ပို့ဆောင်တတ်လေသည်။ လောဘသည် ဤအခြေအနေရောက် အောင် ဆိုးရွားလှချေတကား။

  3. စိတ်၊ စေတသိက်များအကြောင်း • အလောဘသမား လူဖြစ်ပြန်လျှင်လည်း မလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာဖွေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်းမရှိ။ လောကီ အာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့မရှိ။ ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ရှိ ၏။ စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။ လှူပြန်လျှင်လည်း တွန့်ဆုတ်တွန့်ဆုတ်မဟုတ်။ မုတ္တစာဂီ-လူ ကောင်းသူကောင်းပီပီ လွတ်လွတ်ကျွတ်ကျွတ် စွန့်လေ့ရှိ၏။ ရွှေအိမ်ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ် တောက်တောက် စွန်းခွာ၍ ရိပ်သာပင်နန်း ကျောင်သင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။ • ဤသို့လျှင် လောဘသမားနှင့်အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားခြင်း ဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍ “လောဘသမားလော၊ အလောဘသမားလော” ဟု စစ်ကြောကြည့်ကြပါကုန်။ လောဘသမားဖြစ်နေလျှင် ယခုဘ၀က အမြန်ပြင်ကြပါ။ အလောဘသမားဘက်သို့ ပါဝင်နိုင်သူဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ ရှေးသို့ အဆင့်ဆင့် တိုးတက်ဖို့ရာ အဘက်ဘက်၌ သတိထားလျက် အလောဘသမား အစစ်ဖြစ်အောင် အားထုတ်ကြပါကုန်။

  4. စိတ်၊ စေတသိက်များအကြောင်း • အဒေါသအကြောင်း သိကောင်းစရာ • မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်မထန်” ဟုဆိုသည်။ ဤအဒေါသသည်လည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်း မကျေနိုင်သော မြွေနှင့်တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသ သမားများက ချိုသာသည်။ စိတ်နေသဘောထား အေးမြသဖြင့် သူတစ်ပါးက ဒေါနှင့်မောနှင့် ပြောသည် ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင်၏။ • စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့ မျက်နှာထားတင်းသလောက် အဒေါသသမားတို့၏ မျက်နှာအနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင်လှပ၍ ပသာဒရှိသည့်အပြင် ချိုသာသောစကား အသုံးအနှုန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက်ရှိကြပေသည်။ အဒေါသဓာတ်ခံသည် သို့ကလောက်ပင် အကျိုးကြီးမား၏။ တစ်လောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤအဒေါသပင်ဖြစ်ပေသည်။

  5. စိတ်၊ စေတသိက်များအကြောင်း • အမောဟအကြောင်း သိကောင်းစရာ • အမောဟဟူသည် ဥာဏ်ပညာတည်း။ ထို့ကြောင့် “ပညာဥာဏ်မူ၊ အမောဟဟူ၏” ဟုဆိုသည်။ မောဟဖုံး လွှမ်း ကွယ်ကာထားသောအရာဟူသမျှကို ဤဥာဏ်ပညာဟုခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကို သိရလေသည်။ သို့ဖြစ်၍ မောဟနှင့်အမောဟသည် “ခင်ပုတ်နှင့် ကျီး” ကဲ့သို့ ကမ္ဘာ့ရန်ဘက်ကြီးများပေတည်း။ • ပညာစစ် = ကံ ကံ၏အကျိုးကို သိတတ်သောဥာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်ကို နားလည်သော ဥာဏ်၊ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်များနှင့်ဘုရားရှင်၏ သဗ္ဗညုတဥာဏ်တိုင်အောင် အပြစ် ကင်းသော အသိအလိမ္မာ ဥာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။ • ပညာတု = “ပါးနပ်သူ” ဟုခေါ်ရသူတို့ သန္တာန်ဝယ် တစ်ဖက်သားကျလောက်အောင် ဟန်ပန်လေသံ ဆောင်တတ်၊ ပြောတတ် ဟောတတ်သောဥာဏ်၊ အခိုးအ၀ှက်ဥာဏ်၊ အလှည့်စားဥာဏ်၊ ပရိယာယ်မာယာ ဥာဏ်များရှိ၏၊ ထိုဥာဏ်မျိုးသည် ပညာစစ်မဟုတ်၊ လိမ်လည် လှည့်ပတ်တတ်သော “၀ဉ္စနာ ပညာတု” ဖြစ်သည်။

  6. စိတ်၊ စေတသိက်များအကြောင်း • ဇာတိပညာနှင့်ပ၀တ္တိပညာ • ပဋိသန္ဓေတည်နေစဉ်ကပင် အလောဘ၊ အဒေါသ၊ အမောဟ ၃-မျိုးပါလာသူကို “တိဟိတ် ပုဂ္ဂိုလ်” ဟုခေါ်သည်။ “ပဋိသန္ဓေစိတ်မှာ အလောဘစသော ဟိတ် ၃-ပါးရှိသူ” ဟုဆိုလိုသည်။ ထိုတိဟိတ်ပုဂ္ဂိုလ် ၏အမောဟခေါ်ပညာသည် ဇာတိပညာ (၀မ်းတွင်းပါပညာ) တည်း။ ထိုဇာတိပညာပါသူသည် ကလေး ဘ၀ကပင် ပြောပြ၍ နားလည်လွယ်၏။ တောင်တောင် ဤဤ ကြံစည်တတ် တွေးတောစဉ်းစားတတ်၏။ • ပဋိသန္ဓေပညာ မပါခဲ့ဘဲ ပ၀တ္တိအခါကျမှ (ဖွားမြင်လာမှ) မိကောင်းဖကောင်းတို့ သင်ပြခြင်း၊ အရွယ် ရောက်၍ စာပေသင်ခြင်း၊ ကြီးရင့်သည့်အခါ ပညာရှိထံ မေးမြန်းလေ့ စုံစမ်းလေ့ရှိခြင်း၊ ဗဟုသုတ ရှာမှီး ခြင်း စသည်တို့ကြောင့် တတ်သိနားလည်လာသော ပညာသည် ပ၀တ္တိပညာမည်၏။ ထို့ကြောင့် ဇာတိ ပညာမပါသူသည် ပ၀တ္တိပညာဖြစ်အောင် ထူထောင်နိုင်သေး၏။ ဇာတိပညာ ပါလာသည့်အပြင် (ပြခဲ့သောနည်းဖြင့်) ပ၀တ္တိပညာကိုလည်း ရပြန်ပါမူ အထက်တန်းရောက်သူတို့တွင် ပါဝင်နိုင်သည်။

  7. စိတ်၊ စေတသိက်များအကြောင်း • ဇာတိပညာဖြစ်အောင် ပျိုးထောင်နည်းများ ၁။ ဥာဏ်ပညာ ထက်မြက်သူ ဖြစ်ချင်ရမည်။ ၂။ ဥာဏ်ပညာတိုးတက်အောင် ရေးသားအပ်သော ကျမ်းစာတို့ကို စိတ်ပါလက်ပါ ကြည့်ရှုရမည်။ ၃။ ပညာရှိများထံ ဆည်းကပ်၍ အကြံဥာဏ်ကောင်းများကို မေးမြန်းမှတ်သားရမည်။ ၄။ ဥာဏ်ပညာ ပွင့်လင်းအောင် အ၀တ်အစား အိပ်ရာနေရာမှ စ၍ တစ်ကိုယ်လုံး အမြဲ သန့်သန့်ရှင်းရှင်း ရှိစေရမည်။ ၅။ ကုသိုလ်ပြုတိုင်း “ဥာဏ်ပညာ ထက်မြက်သူ ဖြစ်ရပါလို၏” ဟု စိတ်ကလည်း ညွတ်ရမည်။ နှုတ်ကလဲ ရွတ်ဆို ဆုတောင်းရမည်။

  8. စိတ်၊ စေတသိက်များအကြောင်း ၆။ ရဟန်း သံဃာ လှူဒါန်းရာ၌လည်း “စာပေကို သင်ယူနိုင်၊ ပို့ချရေးသားနိုင်ပါစေ” ဟု စိတ်စေတနာ ဖြစ်စေရမည်။ ၇။ တတ်နိုင်ပါမူ စာသင်ကျောင်းတိုက် တည်ထောင်၍ စာပေပို့ချနိုင်သော ပုဂ္ဂိုလ်ကို ကိုးကွယ်ကာ စာပေပို့ချနိုင်အောင်လည်း ထောက်ပံ့ရမည်။ ၈။ လူစာသင်ကျောင်းများကိုလည်း ထောက်ပံ့ရမည်။ ၉။ တိုင်းသူ ပြည်သားတို့ ပညာတိုးပွားအောင် ကူညီရမည်။ ၁၀။ မိမိတတ်သိသမျှကို သူတစ်ပါးအား ပြောပြချင်စိတ်၊ နားလည်စေချင်စိတ်ရှိရမည်။ • ဤသို့စသည်ဖြင့် ပညာဘက်၌ စိတ်ထက်သန်သူသည် ဘ၀သံသရာဝယ် ကြီး ကျယ်သောပညာရှင် ဖြစ်နိုင်ပါသည်။ ဤကား နောက်ဘ၀အဆက်ဆက်၌ ဇာတိ ပညာ (၀မ်းတွင်းပါ ပညာရှိ) ဖြစ်အောင် ပျိုးထောင်နည်းပေတည်း။

  9. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • အရူပါဝစရဈာန် ၄-ပါး အဆင့်ဆင့်တက်ပုံ (ရပုံ) • ပဉ္စမဈာန်တွေရပြီးတဲ့နောက် ဒီထက်ကောင်းတဲ့ဈာန်တွေကို တက်ချင်သေးရင် အရူပါဝစရ ဈာန်တွေရအောင် အားထုတ်ရမယ်။ • လောကမှာ လူတွေဆိုတာ အစွန်းရောက်တဲ့သူတွေ ရှိတတ်တယ်၊ တိဟိတ်ပုဂ္ဂိုလ်လည်း ရောက်တာပဲ၊ ဈာန်ရပြီးတဲ့ပုဂ္ဂိုလ်တွေလဲ ရောက်တာပဲ။ • သူတို့တွေက ဘယ်လိုယူဆတဲ့ ပုဂ္ဂိုလ်တွေရှိသလဲဆိုတော့ “ငါတို့မှာ ဒီရုပ်ခန္ဓာကြီးရှိနေလို့ နာ ကျင် ကိုက်ခဲတဲ့ ဒုက္ခတွေ ခံစားနေရတယ်၊ ရောဂါဝေဒနာတွေ ခံစားနေရတယ်၊ ဒီရုပ်ခန္ဓာကြီး သာ မရှိရင် ဒါတွေခံစားရမှာ မဟုတ်ဘူး၊ ဒို့ဟာ သိပ့်ချမ်းသာမှာပဲ” အဲသလို အယူအဆရှိပြီး သူဟာ ရုပ်ခန္ဓာကိုမုန်းတဲ့သူ ဖြစ်သွားတယ်။ ဒီရုပ်ခန္ဓာကြီးမရှိရင်ကောင်းမှာပဲလို့ တွေးမိတယ်။

  10. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • အဲဒီလို ဆန္ဒရှိပြီးတော့ ရုပ်ခန္ဓာမရှိရာဘုံရောက်အောင်ဆိုပြီး ဒီဈာန်ကို အားထုတ်တယ်။ ရူပါဝစရဈာန်ကနေပြီးတော့ အရူပါဝစရဈာန်တက်တယ်။ • အရူပါဝစရဈာန်ရရင်၊ အရူပါဝစရဈာန်နဲ့သေသွားရင် အရူပါဝစရဗြဟ္မာ့ဘုံကို ရောက်သွား မယ်၊ အဲဒီအရူပါဝစရဘုံဆိုတာက ရုပ်လုံးဝမရှိဘူး။ နာမ်သက်သက်၊ စိတ်နဲ့ စေတသိက် နာမ်သက်သက်သာရှိတဲ့ဘုံ။ • ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒုက္ခတော့မရှိဘူးပေါ့၊ နာကျင်ကိုက်ခဲတာ၊ အိုတာပေါ့၊ အဲသလို မရှိတော့ ချမ်းသာတယ်ဆိုတာ ဟုတ်သလောက်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါက အစစ် အမှန် ချမ်းသာမျိုးတော့ မဟုတ်သေးဘူး။ သို့သော် ဒီချမ်းသာက အလွန်အထက်တန်းကျ သွားပြီ။

  11. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • အာကာသာနဉ္စာယတနဈာန်အကြောင်း • ပဉ္စမဈာန်ရပြီးတဲ့နောက် “ကသိုဏ်း ၉-ပါးတို့တွင် တစ်ပါးပါးကို ခွာ၍ရအပ်သော ကောင်းကင်ပညတ်” ကိုအာရုံပြုပြီးတော့ ဒီဈာန် (အရူပါဝစရဈာန်) ရအောင် အားထုတ်ရမယ်။ • သူ့ (ကသိုဏ်းနိမိတ်) ကို ဖျောက်လိုက်တဲ့ အခါကျတော့ အဲဒီနိမိတ် ပျောက်သွားတယ်၊ ၎င်းနေရာမှာ ကွက်လပ်ကြီးကျန်ခဲ့တယ်၊ အဲဒီကွက်လပ်ကို အာရုံပြုပြီးတော့ အပိုင်းအခြားမရှိတဲ့ အာကာသ၊ အပိုင်းအ ခြားမရှိတဲ့ အာကာသလို့ပွားလို့ အောင်လာတဲ့အခါကျတော့ အရူပါဝစရ ပထမဈာန်စိတ်ရတယ်။ • အဲဒီဈာန်စိတ်က ကောင်းကင်ပညတ်ကိုအာရုံပြုတယ်။ ကောင်းကင်ပညတ်ကလဲ ကသိုဏ်း ၉-ပါးတို့မှ တစ်ခုခုကိုခွာ၍ ကျန်ရစ်သော ကောင်းကင်ပညတ်။ ရိုးရိုးကောင်းကင်ပညတ်မဟုတ်ဘူး။ ကောင်းကင်ကြီး ကြည့်ပြီးပွားရတာမဟုတ်ဘူး။ ကသိုဏ်းနိမိတ်ပျောက်ပြီး ကျန်ရစ်တဲ့ကွက်လပ်ကို အာရုံပြုပြီးတော့ ပွားရတဲ့ဘာဝနာ၊ ဒီဘာဝနာကို အမှီပြုပြီးတော့ရတဲ့ဈာန်ကို အာကာသာနဉ္စာယတနဈာန်၊ ပထမအရူပါဝစရ ဈာန်စိတ်လို့ခေါ်တယ်။

  12. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • ၀ိညာဏဉ္စာယတနဈာန်အကြောင်း • ဒုတိယအရူပါဝစရဈာန်ရအောင် အားထုတ်တဲ့အခါကျတော့ ပထမအရူပါဝစရဈာန်စိတ် ကိုပဲ “ပထမအရူပါဝစရဈာန်စိတ်ဟာ အဆုံးအပိုင်းအခြားမရှိဘူး၊ အဆုံးအပိုင်းအခြား မရှိတဲ့စိတ်ပဲ”လို့ အထပ်ထပ်ရှုရတယ်။ အဲသလိုရှုရင်းနဲ့ ဘာဝနာအောင်မြင်တဲ့အခါကျ တော့ ဒုတိယ အရူပါဝစရဈာန်စိတ်လို့ခေါ်တဲ့ ၀ိညာဏဉ္စာယတနဈာန်ကိုရတယ်။ • အဲဒီဝိညာဏဉ္စာယတနဈာန်က ဘယ်ကိုအာရုံပြုသလဲဆိုရင် ပထမ အရူပါဝစရစိတ်ကို အာရုံပြုတယ်။ ကျမ်းဂန်စကားနဲ့ပြောရင် ပထမာရုပ္ပ၀ိညာဉ်လို့ခေါ်တယ်။ ပထမအရူပါဝစ ရစိတ်နဲ့ ပထမာရုပ္ပ၀ိညာဉ်စိတ်က အတူတူပဲ။

  13. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • အာကိဉ္စညာယတနဈာန်အကြောင်း • ဒုတိယ အရူပါဝစရဈာန်စိတ်ရလိုက်တဲ့အခါမှာ ပထမအရူပါဝစရဈာန်စိတ်က မရှိတော့ဘူး။ ပျောက်သွားပြီ၊ စိတ်ဆိုတာ တစ်ခုထဲသာ ဖြစ်နိုင်တယ်၊ နှစ်ခုပြိုင် မဖြစ်နိုင်ဘူး။ တတိယဈာန် ရအောင် အားထုတ်တဲ့အခါကျတော့ အဲဒီမရှိခြင်းကိုပဲ အာရုံပြုရတယ်။ • ပထမအရူပါဝစရဈာန်စိတ်၏ မရှိခြင်း၊ (မရှိခြင်းဆိုတာ ပါဠိလိုခေါ်တော့ နတ္ထိဘောပညတ်လို့ သုံးတယ်) အဲဒီမရှိခြင်းဆိုတာက ပရမတ္ထအားဖြင့် အကောင်အထည် ရှာရတာမဟုတ်ဘူး၊ သို့ သော် ဝေါဟာရအနေနဲ့ သုံးနှုန်းထားတယ်။ • ပထမအရူပါဝစရဈာန်စိတ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြုပြီးတော့ မရှိဘူး၊ မရှိဘူးလို့ ပွားများရတယ်။ အဲဒီလိုပွားများတဲ့အခါမှာ အောင်မြင်ပြီးတော့ တတိယအရူပါဝစရဈာန်စိတ် (အာကိဉ္စညာယတနဈာန်) ဖြစ်လာတယ်။

  14. အရူပါဝစရဈာန်များအကြောင်းအရူပါဝစရဈာန်များအကြောင်း • နေ၀သညာနာသညာယတနဈာန်အကြောင်း • ရှေ့ကိုတက်ဦးမယ်ဆိုတော့ ဘာကို အာရုံပြုပြီး ကမ္မဋ္ဌာန်းစီးဖြန်းရမလဲ၊ ကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆို တာ ပြုစရာအာရုံတစ်ခုခုတော့ ရှိရတာပဲ၊ အဲဒီတတိယအရူပါဝစရစိတ်ကို အာရုံပြုရမယ်၊ အာကိဉ္စ ညာယတနစိတ်ကိုပဲ အာရုံပြုပြီးတော့ သန္တမေတံ ပဏိတမေတံလို့ ပါဠိလိုခေါ်တယ်၊ ဒီစိတ်ဟာ တကယ်သိမ်မွေ့ပါပေတယ်၊ တကယ်ကောင်းပါပေတယ်လို့ အထပ်ထပ်ပွားရမယ်။ • ဒီစိတ်ဟာကောင်းလိုက်တာ၊ ဒီစိတ်ဟာ သိမ့်မွေ့လိုက်တာ၊ ဒီစိတ်ဟာ မွန်မြတ်လိုက်တာ ဒီလိုပွားရ တယ်၊ ဒီလိုပွားများတဲ့အခါကျတော့ နီဝရဏတွေကင်း စိတ်တွေငြိမ်ပြီး အောင်မြင်မှုရတဲ့အခါကျ တော့ စတုတ္ထအရူပါဝစရဈာန်စိတ် (နေ၀သညာနာသညာယတနဈာန်) ကိုရလာတယ်။

  15. လောကုတ္တရာစိတ် ၈ ပါး လောကုတ္တရာစိတ်။ ။ ၁။ လောကမှလွတ်မြောက်သောစိတ် ၂။ လောကသုံးပါးထက် လွန်ကဲမြင့်မြတ်သောစိတ် လောကုတ္တရာစိတ် ၈-ပါး လောကုတ္တရာကုသိုလ်(မဂ်) စိတ် ၄ လောကုတ္တရာဝိပါက် (ဖိုလ်) စိတ် ၄ (မဂ်နှင့်ယှဉ်သောစိတ်)(ဖိုလ်နှင့်ယှဉ်သောစိတ်)

  16. လောကုတ္တရာကုသိုလ် (မဂ်) စိတ် ၄ ပါး လောကုတ္တရာကုသိုလ် (မဂ်) စိတ်။ ။ ကိလေသာများကို ပယ်သတ်၍ နိဗ္ဗာန်သို့ အာရုံပြု သောအာဖြင့် သွားရောက်တတ်သောသဘော လောကုတ္တရာကုသိုလ် (မဂ်) စိတ် ၄-ပါး

  17. လောကုတ္တရာဝိပါက် (ဖိုလ်) စိတ် ၄ ပါး လောကုတ္တရာဝိပါက် (ဖိုလ်) စိတ်။ ။ ၁။ ကိလေသာများ ငြိမ်းအေးစေတတ်သောသဘော ၂။ မဂ်၏အကျိုးဖြစ်သောသဘော လောကုတ္တရာဝိပါက် (ဖိုလ်) စိတ် ၄-ပါး

  18. လောကုတ္တရာစိတ်၌ ကြိယာမရှိခြင်းအကြောင်း • လောကုတ္တရာစိတ်၌ ကြိယာစိတ်ဟူ၍မရှိ။ အဘယ်ကြောင်းနည်း- မဂ်သည် တစ်ကြိမ်သာ ဖြစ်ရိုးရှိသောအကြောင့်တည်း၊ ပုဂ္ဂိုလ်တစ်ဦး၌ မဂ်စိတ်သည် တစ်ကြိမ်သာဖြစ် သည်။ ထပ်ကာထပ်ကာမဖြစ်။ (အကယ်၍ ထပ်ကာထပ်ကာ ဖြစ်လျှင်ကား လောကုတ္တရာကြိယာစိတ် ဟူ၍ ရှိနိုင်ရာသည်။) ထို့ကြောင့်တည်း။ • အဘယ်ကြောင့် မဂ်စိတ်သည် တစ်ကြိမ်သာ ဖြစ်သနည်း။ မဂ်စိတ်သည် တစ်ကြိမ်ဖြစ်ရုံမျှဖြင့် ဆိုင်ရာကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သဖြင့် ထပ်၍ဖြစ် သော်လည်း ပြုစရာ ပယ်စရာကိစ္စမရှိတော့၊ ထို့ကြောင့် ထပ်၍မဖြစ်၊ တစ်ကြိမ်သာ ဖြစ်သည်။ • မဂ်ရပြီးသူများ နိဗ္ဗာန်ချမ်းသာကို အထပ်ထပ်ခံစားနိုင်ရန် မဂ်စိတ် အကြိမ်ကြိမ်ထပ်၍ ဖြစ်သင့်သည် မဟုတ်ပါလော။ • ထိုခံစားမှုကိစ္စကို ဖိုလ်စိတ်က တာဝန်ယူထားပြီးဖြစ်၍ မဂ်စိတ်က ပြုဖွယ်မလို၊ ထို့ကြောင့် မဂ်စိတ် ထပ်မံ ဖြစ်ဖွယ်မလိုတော့ပါ။

  19. အဓိပ္ပါယ် ရှင်းလင်းချက် • တိဟိတ် ပုဂ္ဂိုလ်တစ်ဦးသည် ၀ိပဿနာတရား အားထုတ်သဖြင့် ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ဥာဏ်မျက်စိဖြင့် ထင်ထင်ရှားရှားသိမြင်သောအခါ သောတာပတ္တိမဂ် စိတ် တစ်ကြိမ်ဖြစ်၏။ ထို့နောက် စိတ်အခြားမလပ်ပဲ သောတာပတ္တိဖိုလ်စိတ်ဖြစ်၏။ ထိုပုဂ္ဂိုလ် သည် သောတာပန်အဆင့်သို့ ရောက်လေပြီ။ • ၀ိပဿနာအလုပ်ကို ဆက်လက်အားထုတ်သဖြင့် ဣနြေ္ဒအဆင့်ဆင့် ရင့်ကျက်လာသောအခါ သကဒါဂါမိမဂ်စိတ်နှင့်ဖိုလ်စိတ်၊ အနာဂါမိမဂ်စိတ်နှင့်ဖိုလ်စိတ်၊ အရဟတ္တမဂ်စိတ်နှင့်ဖိုလ်စိတ် တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်ကြ၏။ • မဂ်စိတ်နှင့်ဖိုလ်စိတ်အားလုံးတို့သည် နိဗ္ဗာန်ကိုအာရုံပြုကြ၏။ မဂ်စိတ်တို့သည် လောကုတ္တ ရာကုသိုလ်စိတ်များဖြစ်ကြပြီးလျှင်၊ ဖိုလ်စိတ်တို့သည် လောကုတ္တရာဝိပါက်စိတ်များဖြစ်ကြ၏။

  20. နိဂုံးချုပ် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ (၃-ခေါက်) ဗုဒ္ဓသာသနံ-မြတ်စွာဘုရား၏ သာသနာတော်မြတ် ကြီးသည်၊ စိရံ-အနှစ်ငါးထောင် ရှည်မြင့်ကြာအောင်၊ တိဋ္ဌတု-အရှည်ခန့်၍ တည်တံ့နိုင်ပါစေသတည်း။ သာဓု သာဓု သာဓု

More Related